Android Development In Burmese
Android Developer တယောက်အဖြစ်ရပ်တည်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေအတွက် ရည်းစူးပြီးရေးသားထားပါတယ်၊ သင်ယူနေသူတစ်ယောက်ကနေ နောက်ထပ်သူယူနေသူတယောက်ကိုရည်ရွယ်ပြီးရေးသားထားပါတယ်၊ စာလုံးပေါင်းအမှားများကို နည်းနည်းတော့ သည်းခံပေးပါ။
ကဲ android developer တယောက်ဖြစ်ခြင်တယ်ပေါ့၊ ဘာတွေလုပ်ရမှာလဲ၊ ဘာတွေသင်ရမှာလဲ၊ ဘယ်မှာသင်ရမှာလဲ၊ ဘယ်လိုသင်ရမှာလဲ၊ စသဖြင့်မေးခွန်းတွေကအများကြီးပါဘဲ၊
ဒီနေရာမှာ ကျွန်တော်ရေးထားသမျှကအမှန်လို မဆိုလိုကြောင်းသိရှိထားဖို့လိုပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်းမှားခဲ့တာတွေအများကြီးပါ၊ မှားနေဆဲ၊ ပြုပြင်နေဆဲဆိုတာနဲ့ သင်ယူနေဆဲဆိုတာကို မမေ့ပါနဲ့၊
သင်ကိုယ်တိုင်လည်းဒီလမ်းအတိုင်းသွားရမှာပါ၊
android developer တယောက်အနေနဲ့ ပြီးပြည့်စုံသွားတယ်၊ အားလုံးသိသွားတယ်ဆိုတာ ရှိကိုမရှိပါဘူး၊
အားလုံးသိပြီ၊ အကုန်တတ်သွားပြီးဆိုတဲ့သူနဲ့တွေ့ရင် သူပြောသမျှဘာမှကို နားထောင်မနေတော့ပါနဲ့၊
ကဲ လိုအပ်တာတွေစပြောလိုက်ရအောင်
ကွန်ပြုတာတစ်လုံး ( RAM 8Gb လောက်မှ နောက်ပိုင်းသင်စိတ်မညစ်ရမှာပါ )
android ဖုန်းတစ်လုံး ( ရှိရင်တော့ပိုကောင်းတာပေါ့၊ မရှိလည်း ……….. ရှိသင့်တယ်ဗျာ )
internet access ( ရှိနေရင်တော့ အတိုင်းထက်အလွန်ပေါ့၊ မရှိလည်း…….. ရှိအောင်လုပ်ဗျာ)
English language ( ထမင်းစားရေသောက်လောက်နဲ့တော့ အဆင်မပြေဘူးဗျ၊ အလယ်အလတ်လောက်
စာဖတ်တတ်မယ်၊ ရေးတတ်မယ်၊ နောက်ပိုင်းအလုပ်လုပ်ဖို့အတွက် ပြောတတ်မယ်၊ နားထောင်တတ်မယ်ဆိုရင် တော်တော်အဆင်ပြေလမ့်မယ် )
ဒီနေရာအဓိကပြောခြင်တာက english လိုရလေ သင့်အတွက်ပိုကောင်းလေဆိုတာပါဘဲ.
ဘာလို့ RAM 8Gb လို့ပြောတာလဲဆိုတော့ android studio RAM စားတယ်ဗျ၊ ၂ Gb လောက်ကြိတ်မယ်ဗျာ၊
emulator ၂ Gb လောက်ထပ်ကြိတ်မယ်ဗျာ၊ chrome ကလည်း ကြိတ်မယ်ဗျာ၊ Os ကလည်း ကြိတ်မယ်ဗျာ၊
အဲ့ဒီအတွက် 8Gb ဆိုအသက်ရှူချောင်တယ်ဗျာ့၊ 4 Gb ဆိုရင်တော့ အသက်ရှူကြပ်တာပေါ့၊
ဒီနေရာမှာ မေးစရာရှိလာတာက ဖုန်းဘဲရှိတယ် ကွန်ပြူတာမရှိဘူးဆိုရင်ကော
အဲ့ဒါဆိုရင်တော့ ဝယ်လို့သာ မညာမတာပြောပါရစေ၊
AIDE app ဆိုတာရှိပါတယ်၊ အဲ့ဒီ app လေးနဲ့ android app ရေးလို့ရပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့
အားလုံးဝကို မပေးပါဘူး၊ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းက နည်းပါတယ်၊ ပြီးတော့ professional developer တယောက်အဖြစ်အသက်မွေးမယ်ဆိုမှာတော့ ကွန်ပြူတာကောင်းကောင်း တစ်လုံးတော့ ရှိသင့်တာပေါ့
ကဲ လိုအပ်တာတွေတော့ပြောပြီးပြီး
နောက်ထပ် လိုအပ်တာတွေ ထပ်ပြောရတာပေါ့။……….
ကဲ android app ရေးခြင်တယ်ဆိုရင် တော့
programming languages တခုလောက်တော့ သိမှဖြစ်မယ်ဗျ၊
android app တွေအတွက်အဓိက သုံးတဲ့ language က java နဲ့ kotlin ပါဘဲ၊
နောက် hybrid ဆိုတာရှိသေးတယ်ဗျာ့၊ flutter, phone gap, b4a အစရှိသဖြင့်ပေါ့ဗျာ၊
နောက်မှ့ စိတ်ကူးတည့်ရင် flutter အကြောင်းပြောမယ်ဗျာ၊
အဲ့တော့ java နဲ့ kotlin တခုခုကို သင်ဖို့ လိုပြီပေါ့၊ သင်တန်းက ဘယ်မှာလဲ၊ ဘယ်လောက်ကုန်မှာလဲ၊
ကျွန်တော်ကတော့ java ကို စသင်စေချင်တယ်၊ kotlin ကကောင်းတယ်၊ တော်တော်ကို ကောင်းတယ်၊
ကျျွန်တော်လည်း နေ့တိုင်း kotlin ဘဲသုံးဖြစ်နေတာ တော်တော်ကြာပါပြီ၊ ဒါပေမယ့် android ရဲ့ သမိုင်းအစမှာကတည်းကနေ အခုအချိန်အထိ သုံးခဲ့တာက java ပါ၊ အဲ့ဒီတော့ java နဲ့ရေးထားတဲ့ tutorial တွေကအများကြီးပါ၊ ပြီး java language က နှစ် ၂ဆယ်ကျော် ရပ်တည်လာခဲ့တာ့ language ပါ၊ ပြောချင်တာက သူက
တော်တော်ကို မှတ်ကျောက်တင်ပြီးသား language တခုဆိုတာပါဘဲ၊ ဒါပေမယ့်စိတ်မပူပါနဲ့ java နဲ့ kotlin က
သိပ်ပြီးတော့တော့ အကွာကြီးမဟုတ်ပါဘူး၊ နောက်တော့ သင်အဆင်ပြေသွားပါလိမ့်မယ်၊
ဘယ်လောက်အထိသင်ရမှာလဲ
သိပ်ပြီးတော့တော့ လန်ထွက်နေအောင်သင်စရာမလိုပါဘူး၊
အလယ်အလတ်လောက်ပေါ့၊
ဘာတွေလိုလောက်မလဲဆိုတော့
အခုလောလောဆယ်ခေါင်းထဲရှိသလောက် ရေးပြမယ်ဗျာ၊
variable
condition
class
method
inheritance
overriding
overloading
enum
abstract class
interface
scope
အဲ့လောက်အထိကောင်းကောင်းသဘောပေါက်ရင် android စရတာ သိပ်ပြီးမဆိုးတော့ဘူး၊ နောက်တော့လည်း တဖြည်းဖြည်းနဲ့ လိုအပ်တာတွေ သင်ယူလာရမျာပေါ့၊ ဟုတ်တယ်မဟုတ်လား
ကဲဘယ်မှာသင်ရမှာလဲ
ဒီနေရာမှာ English language ကရေးပါလာပြီဗျာ့၊ ဘာလိုလဲဆိုတော့ ဒီ ဘာသာစကားက အဓိကသုံးတဲ့
ဘာသာစကားဖြစ်နေတာကိုဗျာ့၊ chinese လိုတတ်လည်း မဆိုးပါဘူး၊ တရုတ်လိုရေးထားတာတွေအများကြီး
ရှိတယ်ဗျာ့၊ မြန်မာလိုကတော့ ………………….. အင်း ကျွန်တော်သိသလောက်ကတော့ တော်တော်နည်း
တယ်၊ ပြီးတော့ သင်တန်းဆိုတာတွေတော့ ရှိပါရဲ့၊ ဒီအချက်ကလည်း ကျွန်တော် ဒီ blog ကို စရေးမယ်လို့
ဆုံးဖြတ်ချက်ချစေခဲ့တဲ့ အချက်တစ်ချက်ပါဘဲ၊
so let’s start with java
https://see.stanford.edu/course/cs106a
အဲ့ဒါက stanford က course ပါ၊ free ပေးထားတာပါ၊ နည်းနည်းတော့ ကြာပြီဆိုပေမယ့်
Sahami သင်ပေးမယ့် စတိုင်က တော်တော်ကို ကောင်းပါတယ်၊ သူက နည်းနည်းလေးတော့ စကားပြောတာမြန်တယ်
ဗျာ့၊ သူ က java ကို အခြေခံကနေ စသင်ပေးမှာပါ၊ Android Development အတွက်မလိုအပ်တဲ့ GUI နဲ့ပတ်သတ်တာတော့ lecture နည်းနည်းပါတယ်ဗျာ့၊ ဘာဖြစ်လဲ ဟုတ်တယ်မလား သိတော့ပိုကောင်းတာပေါ့၊
အဲ့ course သင်ရင် သူ့ရဲ့ handouts တွေလည်း ဖတ်စေချင်တယ်၊ နောက်တော့ assignment တွေပါလုပ်စေချင်တယ်ဗျာ့၊ ဒီ course ကိုကောင်းကောင်း ကြေညပ်မယ်ဆိုရင်တော့ Android Development အတွက် စလို့တော်တော်ကို အဆင်ပြေပါပြီ၊
နောက်ထပ် က
ဒါကတော့ harvard က course ပါ၊ ကျွန်တော်ကတော့ တော်တော်သဘော့ကျတယ်၊
မသင်ရင်လည်း ကိစ္စမရှိဘူးဆိုပေမယ့် သင်လည်း ကောင်းတာပါဘဲ၊
ကဲ java ကို တီးမိခေါက်မိရှိလာပြီး ဆိုရင် တော့
http://web.stanford.edu/class/cs193a/
ဒါလည်း stanford က course ပါ 106A ပြီးရင် android အတွက် တော့ဒီကနေစတာတော်တော်ကောင်းတယ်ဗျာ့၊ 193A မှာသင်ပေးတာတွေကည်း တော်တော်ကောင်းတယ်၊ ထုံးစံအတိုင်း handouts နဲ့ assignment ပေ့ါ
ဒီနေရာမှာ ဘာလို့ handouts နဲ့ assignment လို့ပြောပြောနေရတာလဲဆိုတော့
အဲ့ဒါတွေက သင့်ကို တကယ် သင်ပေမှာလို့ဘဲ ပြောရမှာဘဲ၊
lecture လိုက်တာက ဟုတ်ပါတယ်၊ ဒါပေမယ့် အကုန်လုံးလို့တော့ မဆိုလိုဘူးနော်၊
handouts နဲ့ assignment လုပ်ရင် ပိုပြီးတော့ ကြေညပ်တာပေါ့၊ လုပ်ကြည့်ပါ အကျိုးရှိပါတယ်။
ကဲ course သုံးခုတော့ ပေးလိုက်ပြီ၊ တခြားကနေကော သင်လို့မရဘူးလားဆိုတော့
edx.org
coursera.org
udemy.com
udacity.com
teamtreehouse.com
raywenderlich.com
အစရှိသဖြင့်ပေါ့ဗျာ၊ အများကြီးပါ၊ ဒါတွေက video တွေပေါ့၊ စာအုပ်တွေလည်းရှိပါတယ်၊
များလွန်းလို့ နောက်မှ့ရေးပါတော့မယ်။
ကဲ့ ဒီ နေ့တော့ ဒီလောက်ပါဘဲ
HtueKo